မော်လိုက်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်

မော်လိုက် စက်တင်ဘာ  ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ လူငယ်လူရွယ် စာပေဖတ်ရှုတတ်သည့် အလေ့ အကျင့် ကောင်းများ ရရှိလာစေရန်နှင့် စာပေဗဟုသုတ များရရှိစေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)နှင့် မော်လိုက်မျိုး ဆက်သစ် လူငယ်များအဖွဲ့တို့ ပူးပေါင်းကာ စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်ပိုင်းက ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မော်လိုက်မြို့နယ် စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club) ဥက္ကဋ္ဌ ဦးဝင်းနိုင်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက် လာကြသည့် စာပေဝါသနာရှင် များ၊ လူငယ်လူရွယ်များက စာရေးဆရာဖေမြင့်  ရေးသားထားသည့်  “အပြောင် မြောက်ဆုံး ဘဝ တစ်ခုတည်ဆောက် ခြင်း”စာအုပ်ပါ အကြောင်းအရာများအား မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ လက်တွေ့ကြုံခဲ့ရသည့် ဖြစ်ရပ်များနှင့်နှိုင်းယှဉ်ကာ တစ်ဦးနှင့်တစ်ဦး အသိပညာဗဟုသုတများ ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအဖွဲ့(Book Club)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မော်လိုက် မျိုးဆက် သစ် လူငယ်လူရွယ်များ တက်ရောက်ပါဝင်ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းအား COVID-19 ရောဂါကြိုတင်ကာ ကွယ်ရေးနည်းလမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မော်လိုက်သားလေး