ပုသိမ် စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေးပြန်လည်ကုစားရေးအစီစဉ်အရ အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ပေးခြင်းနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ လက်သန့်ဆေးရည်ပြုလုပ်နည်း သင်တန်းဆင်းပွဲကို ပုသိမ်မြို့ ကမ်းနီကျေးရွာအုပ်စု၊ ကမ်းနီဖျားကျေးရွာရှိ ငြိမ်းချမ်းသာယာဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီ ကပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အသေးစား၊ စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူး က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းတွင် တက်ရောက်ခဲ့သူများအနေဖြင့် နည်းပြဆရာများက ပြသပေးခဲ့သော တတ်ကျွမ်းခဲ့သည့်ပညာဖြင့် မိမိတို့၏ မိသားစုဘဝများ ဝင်ငွေတိုးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် မြန်မာဆဲလ်မားအူးလ်အွန်ဒုံ ကျေးလက်ဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖွဲ့ တာဝန်ခံနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကလည်း အမှာစကားများ ပြောကြားခဲ့ကြပြီး သင်တန်းဆင်း လက်မှတ်များကို တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း တိုင်းဦးစီးနှင့် တာဝန်ရှိသူ များက ပေးအပ်ခဲ့ပြီး သင်တန်းသားများက သင်တန်းဆင်းလက်မှတ်များ လက်ခံခဲ့ကြသည်။
မြင့်ဟန်