ဒိုက်ဦးမြို့နယ်တွင် မသန်စွမ်းသူများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်

ဒိုက်ဦး စက်တင်ဘာ ၇

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက Covid-19 Econmic Relief Plan (CERP)စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်အရ မသန်စွမ်းသူများကို ထောက်ပံ့ ငွေများ ပေးအပ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်တွင် ယနေ့ နံနက်(၉)နာရီအချိန်က မသန်စွမ်းသူများထံသို့ အိမ်တိုင် ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးနှင့်အဖွဲ့ဝင် များ ရပ်မိရပ်ဖများ ပါဝင်သောအဖွဲ့သည် အမှတ်(၆)ရပ်ကွက်အတွင်းရှိ မသန်စွမ်းသူများထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက်ရှိသည်။ အဆိုပါထောက်ပံ့ငွေများကို ကိုယ်အင်္ဂါမသန် စွမ်းသူများ ဉာဏ်ရည် ဉာဏ်သွေးမပြည့်ဝသူများ၊ အကြားအာရုံမသန်စွမ်းသူများ၊ အမြင်အာရုံ မသန်စွမ်းသူများကို ထောက်ပံ့ပေးအပ်ခဲ့ကြခြင်းဖြစ်ပြီး ဒိုက်ဦးမြို့နယ်အတွင်း မြို့ပေါ်(၉)ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၅၂)အုပ်စုမှ မသန်စွမ်းသူ (၁၀၈၈)ဦးအတွက် တစ်ဦးလျှင်(၃၀၀၀၀)ကျပ် နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၃၂၆၄၀၀၀၀)ကျပ် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။

သန်းသန်းဝင်း(ပြန်/ဆက်)