ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး ပြည်သူများအား အသိပေးနှိုးဆော်

ပုလော၊ စက်တင်ဘာ ၇ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ လမ်းညွှန်ကြားချက်နှင့်အညီ လိုက်နာရမည့်စည်းကမ်းချက်များကို ယမန်နေ့ည (၆) နာရီက လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခဲ့သည်။

အဆိုပါ နှိုးဆော်ရာတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ထိန်ချုပ်၊ကာကွယ်၊ ကုသရေးကော်မတီနှင့် မေတ္တာရှင်ပရဟိတအသင်း တို့ ပူးပေါင်း၍ အပြင်ထွက်တိုင်း နှာခေါင်းစည်းတပ်ဆင်ရန်၊ လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုစနစ်တကျဆေးကြောရန်၊ လက်သန့်ဆေးရည်ဆောင်ထားရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာမှာနေထိုင်ရန်၊ တတ်နိုင်သမျှအပြင်သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ ည ၁၂ နာရီမှ နံနက် (၄) နာရီအထိ အပြင်သို့မထွက်ခွာရန်နှင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူများ ရှိလာပါက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျန်းမာ​ရေးဌာနသို့ အမြန်ဆုံးသတင်းပို့အကြောင်းကြားရန် စသည့်အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်

အေးအေးမော်(ပုလော ပြန်/ဆက်)