ကျောက်တံခါး စက်တက်ဘာ ၇
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် Mask စနစ်တကျ တပ်ဆင်သွားလာခြင်း မရှိသူများအား အသိ ပညာပေးခြင်းနှင့် ခုဝယ်ခုတပ် ဒဏ်ပေးစနစ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီ အချိန်က ဗိုလ်ချုပ်လမ်း နှင့် ဦးစံကျော်လမ်းဆုံတွင် Mask စနစ်တကျ တပ်ဆင်သွားလာရေး ပညာပေးကော်မတီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့တွင်း လှုပ်ရှားသွားလာသူများ အား Mask စနစ်တကျ တပ်ဆင်သွားလာစေရေး ဗိုလ်ချုပ်လမ်းနှင့် ဦးစံကျော်လမ်းဆုံတွင် နေ့စဉ်အသိပညာပေးဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက Mask စနစ်တကျ တပ်ဆင် သွားလာခြင်း မရှိသူများအား Mask တစ်ခု တစ်ထောင်နှုန်းဖြင့် ခုဝယ်ခုတပ် ဒဏ်ပေးစနစ် ဆောင်ရွက်ခြင်းခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် Mask စနစ်တကျ တပ်ဆင်ရေး ပညာပေးကော်မတီက စက်တင်ဘာ(၆)ရက်မှ(၈)ရက်ထိ အသိပညာပေးခြင်းနှင့် ဒဏ်ပေးခြင်း စနစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စန်းစန်း(ပြန်/ဆက်)