ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးလှုပ်ရှားမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဟိုပုံး စက်တင်ဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့တွင်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးအတွက် တာဝန်ရှိသူများက နှာခေါင်းစည်း (mask) တပ်ဆင်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် နာရီ အချိန်ခန့် က သီရိမင်္ဂလာရွှေချမ်းသာမွေတော် ဘုရားကြီးရှေ့နှင့် လမ်းဆုံတွင် လမ်းသွားလမ်းလာ ခရီးသွားပြည်သူ များကို မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့တွင်းလှည့်လည်စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက အပြင်ထွက်တိုင်း မဖြစ်မနေ နှာခေါင်း စည်း(mask) တပ်ဆင်ဖို့မမေ့ကြရန် အသံချဲ့စက်ဖြင့် နေ့စဉ် အသိပညာပေး ပြောကြားခြင်းနှင့် နှာခေါင်းစည်း(mask) မတပ်ဘဲသွားလာနေကြသူများကို ယခုဝယ်၊ ယခုတပ်စေခဲ့ကြောင်း သိရသည်။

အဆိုပါနှာခေါင်းစည်း(mask)များ တပ်ဆင်ရေး အသိပညာပေးလှုပ်ရှားမှုကို မြို့နယ် အုပ်ချုပ်ရေးမှူးဦးနန်းတင့်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သိန်း၊ မြို့နယ်စည်ပင်သာယာရေး ဌာနအမှုဆောင် အရာရှိ ဦးမောင်မောင်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

နေမင်းထွန်း(ဟိုပုံး)