ဝေါမြို့နယ်တွင် ပညာပေးကာလ ပြီးဆုံး၍ maskများကို ယခုဝယ် ယခုတပ်စနစ်ဖြင့် အသိပညာပေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်

ဝေါ စက်တင်ဘာ ၇

ကိုဗစ်−၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများမြှင့်တက်လာသည်နှင့်အမျှ အနယ်နယ်အရပ်ရပ်တွင် ကိုဗစ်−၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်လျက် ရှိသည်။ ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်တွင် ယခင်က mask များကိုအခမဲ့ဖြန့်ဝေပေးခဲ့ပြီး ယခုအချိန် အခါတွင် ပညာပေးကာလပြီးဆုံးပြီဖြစ်၍ ယခုဝယ် ယခုတပ်စနစ်ဖြင့် လုပ်ဆောင် နေကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာ၌ ဝေါမြိုမဈေးရှေ့နှင့် ကားဂိတ်တို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ mask မတပ်ဆင်ဘဲ အပြင်ထွက်သွားလာနေကြသူများအား mask တစ်ခုလျှင် (၅၀၀/)ကျပ်နှုန်းဖြင့် ယခုဝယ် ယခုတပ်စနစ်ဖြင့်တပ်ဆင်စေခြင်း၊မလိုအပ်ဘဲအပြင်မထွက်ကြရန်၊ အပြင်ထွက်သည့် အခါတိုင်း mask တပ်ဆင်ကြရန်၊ လူစုလူဝေးနေရာများသို့ မလိုအပ်ဘဲ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာကြရန် စသည်တို့ကိုအသိပညာ ပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

အောင်မြတ်လင်း(ပြန်/ဆက်)