သတင်းများ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ကာလအတွင်း ထောက်ပံ့ငွေ(၃၀၀၀ဝိ/−) ကျပ် ပေးအပ်ရန် ကိုယ်ဝန်ဆောင်မိခင်စာရင်းများ ကောက်ယူဆောင်ရွက်
Sep 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်−၁၉ ကာလ အတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်​ရေးနှင့် ပြန်လည်နေရာချထား​ရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာနမှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလျှင် ငွေကျပ်(၃၀၀၀ဝိ/−)ကျပ်နှုန်း ဖြင့် (သုံးသောင်းကျပ်တိတိ)ကို ထောက်ပံ့ပေးသွား မည်ဖြစ်သည်။
ကမမောင်းမြို့တွင် စာဖတ်ဝိုင်းဆွေးနွေးပြုလုပ်
Sep 08,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်​နေ့နံနက် ၁၀ နာရီခွဲတွင် စာရေးဆရာလယ်တွင်းသားစောချစ်၏ "ပန်းလိုချင်အပင်ကိုပျိုးတတ်မှ" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဝန်းသိုမြို့နယ် ကျောက်တိုင်ကျေးရွာတွင် Cash For Work စီမံကိန်းလုပ်ငန်းခွဲများ ဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေး
Sep 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ ကာလ CERP အစီအစဉ်အရ Cash For Work စီမံကိန်းလုပ်ငန်းကို ကျေးရွာပေါင်း ၆ရွာတွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ
ဖရူဆိုမြို့၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ စစ်ဆေး
Sep 08,2020
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/ မရှိ ယမန်နေ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်​ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် လွှ​တ်တော်ကိုယ်စားလှယ်​လောင်းများ​ တွေ့ဆုံညှိနှိုင်းအစည်းအ​ဝေးကျင်းပ
Sep 08,2020
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်​နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲကြီး ​အောင်မြင်စွာကျင်းပနိုင်​ရေးအတွက် မြို့နယ်ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် လွှတ်​တော်ကိုယ်စားလှယ်​လောင်းများ​ တွေ့ဆုံ ညှိနှိုင်းအစည်းအ​ဝေးကို ယနေ့ ​မွန်းလွဲ ၁ နာရီက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်း စည်းများ အခမဲ့ဖြန့်ဝေပေး
Sep 08,2020
စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ စစ်ကိုင်းမြို့ ဘော်ဂါရပ်ကွက်ရှိ ကျောက်စိမ်းပုတီးဝိုင်း လုပ်ကိုင်ဆောင် ရွက်နေကြသည့် နေရာများသို့ ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရန် ယမန်နေ့ ညနေပိုင်းက နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဖိုးအဖွား (၇၂၆) ဦးအား လူမှုရေးပင်စင် ထောက်ပံ့
Sep 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် စီမံခန့်ခွဲမှုကော်မတီခန်းမတွင် ယမန်နေ့ညနေပိုင်းက အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးအဖိုးအဖွား (၇၂၆) ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲနှင့် ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသုံးအဆောင် ပစ္စည်းများ ပေးအပ်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့သည်။