သတင်းများ

ကျောက်ပန်းတောင်းမြို့နယ် ကျွဲကန်ကျေးရွာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှလှူဒါန်းသည့် စက်ရေးတွင်းဖွင့်ပွဲကျင်းပ
Sep 08,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျွဲကန်ကျေးရွာအုပ်စု၊ ကျွဲကန်ကျေးရွာနှင့်အခြားနီးစပ်ရာကျေးရွာများမှ ပြည်သူများ အသုံးပြုနိုင်ရန်အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက တူးဖော်လှူဒါန်းသည့် စက်ရေတွင်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀) နာရီက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအေးခိုင်နှင့် မြို့နယ်တာဝန်ရှိသူများက လူစုလူဝေးမပါဘဲ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှထုတ်ပြန်သည့် အမိန့်အမှတ် (၃၀/၂၀၂၀) အား ပြည်သူများသိရှိလိုက်နာနိုင်စေရန် မြို့တွင်းသို့လှည့်လည်ကြေညာ
Sep 08,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှထုတ်ပြန်သည့် အမိန့်အမှတ် (၃၀/၂၀၂၀) အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်စေရန်အတွက် ယမန်နေ့ညနေ (၅) နာရီမှ ည (၈) နာရီအထိ မြို့တွင်းလမ်းများတွင်လှည့်လည်ကြေညာခဲ့ကြသည်။
ကလေး-ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၅ မိုင်အနီးတွင် အိမ်စီးကားတစ်စီး မြစ်သာမြစ် အတွင်း ပြုတ်ကျမှုဖြစ်ပွား
Sep 08,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ယမန်နေ့ ည ၁၀ နာရီခွဲခန့်က ကလေး-ကလေးဝ ကားလမ်း သစ်ချောက်ကျေးရွာအုပ်စု မိုင်တိုင်အမှတ် ၅ မိုင် အနီးတွင် အိမ်စီးကား တစ်စီး မြစ်သာမြစ်အတွင်း ပြုတ်ကျနစ်မြုပ်ခဲ့ကြောင်း ကလေးဝမြို့နယ် မီးသတ်စခန်းမှ သိရသည်။
ပင်းတယမြို့၌ ဒေသအဆင့်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေး ကျင်းပ
Sep 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ဒေသရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ဒေသအဆင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီ အချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စုကလိမြို့တွင် စာဖတ်ဝိုင်းပြုလုပ်
Sep 08,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဩဂုတ်လ ၂၈ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြရေးသားထားသော ဆောင်းပါးရှင် ဒေါက်တာဇင်မာကျော်(သတင်းအတတ်ပညာ) ၏ ကိုရိုနာဗိုင်းရပ်စ်ပိုးထက် ပျံ့နှံ့နှုန်းမြန်သည့် သတင်းအမှားဗိုင်းရပ်စ် ဆောင်းပါးဖြင့် ရုံးတွင်းစာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်သည်။
ခမောက်ကြီးမြို့တွင် မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်းပါဝင်သော်လည်း မှတ်ပုံတင်မရှိသေးသောပြည်သူများအား မှတ်ပုံတင်ရရှိရေး ကွင်းဆင်းဆောင်ရွက်ပေး
Sep 08,2020
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာ၌ အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်းခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်းပါဝင်သော်လည်း မှတ်ပုံတင်မရှိသေးသောပြည်သူများအား မှတ်ပုံတင်ရရှိရေးအတွက် ယနေ့နံနက်ပိုင်းက ခမောက်ကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် ကိုဗစ်ကာလတွင် ယာယီပိတ်သိမ်းထား‌သော လ္ဘက်ရည် ဆိုင်များနှင့် စားသောက်ဆိုင်များ ပြန်လည် ဖွင့်လှစ်ခွင့်ပြုရန် ကွင်းဆင်းစစ်ဆေး
Sep 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့တွင် မြို့စည်ပင်သာယာ‌ရေးအဖွဲ့မှ ယာယီပိတ်သိမ်းထားသော လ္ဘက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက
မှော်ဘီမြို့နယ်၌ ကိုရီးယားအမျိုးသား သစ်တောဥယျာဉ် (KNA) နှင့် AFoCo Secretariat တို့မှ Face Mask နှင့် ကွန်ပျူတာ အလုံး (၅၀)လှူဒါန်း
Sep 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊သစ်တောဦးစီးဌာနသို့ ကိုရီးယားအမျိုးသား သစ်တောဥယျဉ် (Korea National Arboretum) နှင့်