လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်−၁၉ ကာလ အတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးလျှင် ငွေကျပ်(၃၀၀၀ဝိ/−)ကျပ်နှုန်း ဖြင့် (သုံးသောင်းကျပ်တိတိ)ကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
ထိုသို့ ထောက်ပံ့ရာတွင် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ငွေဗိုက်(Ngwe Bike) Application ကို ဖုန်းဖြင့် Download ပြုလုပ်၍ စာရင်းပေးသွင်းရမည်ဖြစ်သည်။ ထိုသို့ ကိုယ်ဝန်ဆောင်မိခင်များ စာရင်းပေးသွင်းရာတွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအားလုံးအနေဖြင့် ထောက်ပံ့ပေးမှုတွင်ကျန်ရှိမှုများ မဖြစ်စေရန်အတွက် အဆိုပါ Application တွင် စာရင်းမသွင်းရသေး သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီဌာနတွင် သြဂုတ်လ(၂၈)ရက်နေ့မှ စက်တင်ဘာလ (၁၅) ရက်နေ့အထိ လာရောက်စာရင်းပေးသွင်းနိုင်ကြောင်းနှင့် စာရင်းပေးသွင်းရာတွင် ကိုယ်ဝန်ဆောင် မှတ်တမ်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် လက်ကိုင်ဖုန်းများကိုပါ အတူတကွ ယူဆောင်လာကြရန် သက်ဆိုင်ရာ ရပ်ကွက်များမှ နှိုးဆော်ကြောညာပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါ်တင်တင်ချိုထံမှ သိရသည်။
ထွန်းထွန်းနိုင်(ပြန်/ဆက်)