သရက်ချောင်းမြို့နယ်​ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် လွှ​တ်တော်ကိုယ်စားလှယ်​လောင်းများ​ တွေ့ဆုံညှိနှိုင်းအစည်းအ​ဝေးကျင်းပ

သရက်ချောင်း၊ စက်တင်ဘာ ၈

၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်​နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုက​ရေစီအ​ထွေ​ထွေ​ရွေး​ကောက်ပွဲကြီး ​အောင်မြင်စွာကျင်းပနိုင်​ရေးအတွက် မြို့နယ်ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် လွှတ်​တော်ကိုယ်စားလှယ်​လောင်းများ​ တွေ့ဆုံညှိနှိုင်းအစည်းအ​ဝေးကို ယနေ့ ​မွန်းလွဲ ၁ နာရီက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနရုံး အစည်းအ​ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင် မြို့နယ်​ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှုထိုက အမှာစကား​ပြောကြားရာတွင် ထုတ်ပြန်ထား​သော ဥပဒေ၊ နည်းဥပ​ဒေ၊ စည်းမျဉ်းစည်ကမ်းများကို သိရှိလိုက်နာဆောင်ရွက်​ရန်နှင့် စည်းရုံး​ရေးကာလအတွင်း ပါတီတစ်ခုနှင့်တစ်ခု​ ကျေးရွာထပ်မ​နေ​စေ​ရေးအတွက် ကွင်းဆင်းမည့်အစီအစဉ်ကို တစ်ပတ်ကြိုတင်ရန်တို့ကို​ဆွေး​နွေးပြီး မြို့နယ်​ကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်သဉ္ဇာလွင်နှင့် အဖွဲ့ဝင်များက ​ရွေး​ကောက်ပွဲဆိုင်ရာ ဥပ​ဒေ၊ နည်းဥပ​ဒေများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ တက်​ရောက်လာ​သော လွှတ်​တော်ကိုယ်စားလှယ်​လောင်းများက သိလိုသည်များကို​မေးမြန်းရာ သက်ဆိုင် ရာ မြို့နယ်​ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ပြန်လည်​ရှင်းလင်း​ဆွေး​နွေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေးသို့ မြို့နယ်​ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် လွှတ်​တော်ကိုယ်စားလှယ်​လောင်းများတက်​ရောက်ခဲ့ကြောင်း သိရှိရသည်။

မျိုးချစ်ဦး(ပြန်/ဆက်)