ကျောက်ကြီး စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ကော်မတီအဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask များ တပ်ဆင်ထား ခြင်းမရှိသူ များအား ယမန်နေ့ နံနက်(၈)နာရီအချိန်က မြို့လယ်ဗိုလ်ချုပ်လမ်းထောင့် လမ်းဆုံ၌ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်မျိုး ဦးဆောင်ပြီး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကျောက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပ သို့ သွားလာရာတွင် မဖြစ်မနေ Mask စနစ်တကျ တပ်ဆင်သွားလာကြစေရန် ဆောင်ရွက်ခြင်းဖြစ်ပြီး အသိပညာပေးကာ Mask တပ်ဆင်လာခြင်းမရှိသူများအား Mask တပ်ဆင်ပေးကာ ဒဏ်ကြေးအနေနဲ့ (၅၀၀)ကျပ် ပေးဆောင်စေခဲ့သည်။
အဆိုပါ လှုပ်ရှားဆောင်ရွက်မှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပြန်/ဆက်ရုံး ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သုခိတ ပရဟိတအဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
K ခိုင် ပြန်/ဆက်