ဖရူဆို စက်တင်ဘာ ၈
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များတွင် ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ/ မရှိ ယမန်နေ့က စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ဈေးကော်မတီများက ဖရူဆိုမြို့ပေါ်ရပ်ကွက် များတွင် ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပေါ်စေရေး လက်ဆေးဘေစင်ဆောင်ရွက်ထားရှိမှုရှိ/မရှိ၊ ဆိုင်ဝန်ထမ်းများ နှာခေါင်းစည်း (Mask) တပ်ဆင်ထားမှုရှိ/မရှိနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော စည်းကမ်းချက်များနှင့်အညီ အလေးထားဆောင်ရွက်ထားရှိနိုင်ရေး စစ်ဆေးခဲ့ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)