ကမမောင်း၊ စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် စာရေးဆရာလယ်တွင်းသားစောချစ်၏ "ပန်းလိုချင်အပင်ကိုပျိုးတတ်မှ" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် "ပန်းလိုချင်အပင်ကိုပျိုးတတ်မှ "စာအုပ်မှရုပ်သံကျွမ်းကျင်-၃ ဒေါ်နော်ကွယ်ကပေါ်ဖေါက ပန်းကိုလိုချင်အပင်ကိုပျိုးတတ်မှခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူ များအသင်း (Book Club) အဖွဲ့ဝင် စောမျိုးအောင်က ကလေးကို ရိုက်သင့်မရိုက်သင့်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club)အဖွဲ့ဝင် စောဟိန်းစစ်ထူးမှ ကလေးနှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club)အဖွဲ့ဝင် မနှင်းနုဝေမှကလေးဖတ်စရာကလေးစာခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Youth Club)အဖွဲ့ဝင် စောဇင်ကိုဟိန်းမှ အလိုလိုက်အမိုက်စော်ကားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ (Youth Club)တို့ပူးပေါင်းပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
နော်ကွယ်ကပေါ်ဖော(ပြန်ဆက်)