တွံတေးမြို့နယ်တွင် မြစိမ်းရောင် ပဉ္စမစက်ဝန်း အိမ်တိုင်ရာရောက် ငွေထုတ်ပေးခြင်းဆောင်ရွက်

တွံတေး စက်တင်ဘာ ၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဒွန်းကျေးရွာအုပ်စု အဒွန်းကျေးရွာတွင် မြစိမ်းရောင် ချေးငွေပဉ္စမစက်ဝန်းအဖြစ် ယမန်နေ့ နေလယ် ၂ နာရီက အဆိုပါကျေးရွာ၌ မြစိမ်းရောင် ကော်မတီမှ ကိုဗစ်-၁၉ ကာလ လူစုလူဝေးမဖြစ်စေရန်နှင့် ရောဂါကူးစက်မှုမဖြစ်စေရန် အိမ်တိုင်ရာရောက် လိုက်လံချေးငွေများ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

အဒွန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အောင်မြင်သူများဖြစ်သော စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၉)ဦးအတွက် ၂၄၀၀၀၀၀ ကျပ်၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၆၉)ဦးအတွက် ၃၃၁၀၀၀၀၀ ကျပ်၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၁၅ ဦးအတွက် ၆၉၀၀၀၀၀ ကျပ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ(၅)ဦးအတွက် ၂၁၀၀၀၀၀ ကျပ် စုစုပေါင်းငွေကျပ် ၄၄၅၀၀၀၀၀ ကျပ်ကို မြစိမ်းရောင်ချေးငွေ ကော်မတီမှ ကိုဗစ်-၁၉ ကာလ လူစုလူဝေး မဖြစ်ပေါ် စေရန်အတွက် ချေးငွေအောင်မြင်သူ (၉၈)ဦး၏ နေအိမ်များသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနိုင်လင်းက ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး တွံတေးမြို့နယ်တွင် မြစိမ်းရောင်စီမံကိန်းကျေးရွာ(၃၀)ရှိ ကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)