သီပေါမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သီပေါ စက်တင်ဘာ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ကိုဗစ်၁၉ ရောဂါ ကူးစက်မှုမြန်ဆန်ပြီး များပြားလာတဲ့အတွက် ရောဂါစစ်ဆေးရေးဂိတ်များထားရှိရန် လိုအပ်မှာ ဖြစ်ပါကြောင်း၊ ရပ်ကွက်အတွင်း Home Quarantineထားရှိသောကြောင့် မလိုအပ်ပဲ အပြင်မထွက် ကြစေလိုကြောင်းနှင့် ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ် ဒေါက်တာမျိုးအောင်က ပညာပေး ကာလလွန်မြောက်ပြီဖြစ်သည့်အတွက် ဒဏ်ရိုက်သင့်ပါကြောင်း၊ မြို့နယ်အတွင်း သံသယလူနာများ ရှိလာပါက ကြိုတင်ဆောင်ရွက်ရမည့်အချက်များအား အသေးစိတ် ရှင်းလင်းခြင်း ကိုလည်းကောင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးက ဟိုတယ်၊ တည်းခိုခန်းများကို စနစ်တကျ စစ်ဆေးရန် လိုအပ်ကြောင်းနှင့် မြို့ဝင်စစ်ဆေးရေးဂိတ် ဆောင်ရွက်ရာတွင် လိုအပ်မည့် အချက်များကို လည်းကောင်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိမှ စျေးများနှင့် စားသောက်ဆိုင်များတွင် အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌမှ လက်ရှိဆောင်ရွက်နေသည့် အသိပညာပေးခြင်း လုပ်ငန်းများကို လည်းကောင်း အသီးသီးတင်ပြဆွေးနွေးပြီး သက်ဆိုင်ရာကဏ္ဍအလိုက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ကိုရိုနာဗိုင်းရပ်(စ်)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်တီဝင်များ၊ ကျန်းမာရေးအထောက်အကူအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)