လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မွေးကင်းစမှအသက်(၁)နှစ်ခွဲထိ ကလေးငယ်များ ပုံမှန် ကာကွယ်ဆက်လက် ဆေးထိုးနှံတိုက်ကျွေးပေး

လသာ စက်တင်ဘာ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ မွေးကင်းစမှ အသက်(၁)နှစ် ခွဲထိ ကလေး ငယ်များအား  ပုံမှန်ကာကွယ်ဆေးထိုးနှံ  တိုက်ကျွေးပေးခြင်းကို  ယနေ့ နံနက်(၉) နာရီက မြို့နယ် ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများကအဆိုပါရုံးခန်းမဆောင်၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ယင်းသို့ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်းသည်ကလေးငယ်များကြီးထွားဖွံ့ဖြိုးရောဂါ ကင်းဝေးစေရန် အသက် အပိုင်းအခြား အလိုက်  (၅)မျိုးစပ် ကာကွယ်ဆေး၊  ပြင်းထန် အဆုတ်ရောင် ရောဂါ ကာကွယ်ဆေး၊ ဝက်သက် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး၊ ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီး တစ်ဦးချင်းအလိုက် လက်မောင်းပတ် တိုင်းတာ ပေးခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်းအပြင် ကိုယ်ဝန်ဆောင်မိခင်များနှင့်  ကလေး မိခင်များ အတွက်  ကျန်းမာရေးအသိပညာပေး  ဆောင်ရွက်ကြောင်း သိရသည်။

ကာကွယ်ဆေး တိုက်ကျွေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ခြင်းအနေဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရေး အတွက် အလှည့်ကျ ကလေးငယ်တစ်ဦးချင်းအလိုက် ဆေးထိုး၊ ဆေးတိုက် ပေးခြင်း ဆောင်ရွက်ကြောင်း သိရသည်။

မေသူ(ပြန်/ဆက်)