ညောင်ဦး၊ စက်တင်ဘာ ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ပုဂံညောင်ဦးစက်ဘီးစီးအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ညောင်ဦးမြို့ နေရာသုံးနေရာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှာခေါင်းစည်း Mask Campaign ပြုလုပ်ဝေငှပေးခဲ့ကြောင်း စက်ဘီးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နွယ်စိုးထံက သိရသည်။
နှာခေါင်းစည်း Mask Campaign ပြုလုပ်ရာတွင် ညောင်ဦးမြို့ မဏိစည်သူဈေးကြီးရှေ့တွင်လည်း ကောင်း၊ ညောင်ဦးမြို့ သံတဲဟိုတယ်ရှေ့လမ်းဆုံနေရာတွင်လည်းကောင်း၊ ညောင်ဦးမြို့အဝင် (ပုဂံရှေး ဟောင်းယဉ်ကျေးမှုနယ်မြေ)မုဒ်ဦးမှလည်းကောင်း နှာခေါင်းစည်း Mask (၅၀၀၀) အား လမ်းသွားလမ်းလာမော်တော်ကားများပေါ်သို့ဝေငှပေးခြင်း၊ သုံးဘီးဆိုင်ကယ်သမာများနှင့် စီးလာသူများ၊ မော်တော် ဆိုင်ကယ်သမားများအား ဝေငှပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း နှာခေါင်းစည်း Mask တပ်ဆင်သွားလာပြီး ယဉ်ကျေးမှုတစ်ရပ်အသွင်မျိုး စနစ်တကျတပ်ဆင်သွားလာကြစေရန် ရည်ရွယ်ပြီး နှာခေါင်းစည်း Mask Campaign ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ကိုထိန်၊KPD