စမ်းချောင်းမြို့နယ်တွင်ကျန်းမာရေးစစ် ဆေးခြင်းများအိမ်တိုင်ရာရောက်ကွင်းဆင်း ဆောင်ရွက်

စမ်းချောင်း စက်တင်ဘာ ၉


ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ ရန်ကုန် အနောက်ပိုင်း ခရိုင်၊စမ်းချောင်းမြို့နယ်၊ လင်းလွန်း(တောင်)ရပ်ကွက်နှင့်ကျွန်းတော (တောင်) ရပ်ကွက်တို့တွင် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ထို့သို့ကွင်းဆင်းရာတွင်မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန် ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာမှဝန်ထမ်းများ၊ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့၊ ပရဟိတအဖွဲ့အစည်းများ၊ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ ရပ်ကွက်နေပြည်သူများအား၎င်းတို့၏ နေအိမ်များတွင်ကိုယ်ပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းတာခြင်း၊ ဖျားနာခြင်းရှိ၊မရှိတို့ကိုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
ကျန်းမာရေးစစ်ဆေး ဆောင်ရွက်မှု ကျန်ရှိနေသောရပ်ကွက်များသို့ သက်ဆိုင်ရာတာဝန်ရှိ သူများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့အစည်းများပူးပေါင်း၍ကျန်း မာရေး စစ်ဆေးခြင်းများ ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ထူးထက်(ပြန်/ဆက်)