ပေါင်းတည် စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းနှင့် အဖွဲ့ဝင်များသည် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အားကစားခန်းမတွင် ဖွင့်လှစ် ထားရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး Facility Quarantine Centre သို့ သွားရောက်၍ စောင်ကြည့်ခံရသူများကို အားပေးစကားများ ပြောကြားကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းဖြစ်သည့် Mask ၁၅၀ ခု၊ Face shield ၁၅ ခု ရန်ကုန်-ပြည်လမ်းမရှိ ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုဂိတ်သို့ Mask ၁၅၀ ခု။ Faces hield ၁၅ ခု မြို့နယ် အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများအတွက် Faces hield ၅၀နှင့် သဒ္ဓမ္မဇောတိကာရုံ စာသင်တိုက်သို့ Mask ၂၅၀ခု၊ Faces hield ၅ခုတို့အား အသီးသီးသွားရောက် လှူဒါန်းခဲ့ကြောင်း သိရ သည်။
အဆိုပါလှူဒါန်းသည့် ပစ္စည်းများအား မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်သူရှိသူများ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ စစ်ဆေးဂိတ်တာဝန်ကျဝန်ထမ်းများနှင့် စာသင်တိုက်၏ အကျိုးတော်ဆောင် များက အသီးသီးလက်ခံရယူခဲ့ကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)