မော်လမြိုင်ကျွန်း စက်တင်ဘာ ၉
မော်လမြိုင်ကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့် အတူပူးပေါင်း၍ ယနေ့နံနက် ပိုင်းက ပက်ပြဲကျေးရွာအုပ်စုအတွင်းရှိ ကျုံလှကျေးရွာ၊ စခန်းချောင်းကျေးရွာ၊ ပက်ပြဲကျေးရွာ၊ ချင်းစုကျေးရွာ နှင့် ဦတိုကျေးရွာနှင့် ကျီးချောင်းကျေးရွာတို့အတွင်း ကိုဗစ်-၁၉ ကူးစက်မှု မဖြစ်ပွားစေရန်အတွက် အပြင်ထွက်ပါက နှာခေါင်းစည်း Mask များ တပ်ဆင်နိုင်ပါရန်၊ လက်ကို မကြာခဏ ဆေးကြရန်၊ မလိုအပ်ဘဲ အပြင်မထွက်ရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များကို အများပြည်သူတို့ သိရှိလိုက်နာ နိုင်စေရန် ကွင်းဆင်းလှည့်လှည်၍ Hand Speaker၊ Loud Speaker များဖြင့် အသိပညာပေးလုပ်ဆောင်မှုများ ဆောင်ရွက်ခဲ့သည်။
ယခုကာလမိုးရာသီတွင် ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ ရေဘေး၊ လေဘေးတို့ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များအား ပြည်သူများ လက်ဝယ်အရောက် ဝန်ထမ်းများက လိုက်လံပေးဝေခဲ့ကြောင်း သိရှိရသည်။
သီတာအောင်(ပြန်ဆက်)