မြောက်ဥက္ကလာပ စက်တင်ဘာ ၉
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သော နှာခေါင်းစည်း(Mask) ၊ Hand Gelနှင့် မျက်နှာကာများကို ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးခန်းမတွင် ယမန်နေ့ နေ့လယ် ၂ နာရီက ပေးအပ်ခဲ့ ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ရပ်ကွက်(၁၉)ရပ်ကွက်အတွက် ရပ်ကွက်တစ်ခုလျှင် နှာခေါင်းစည်း Mask (၂၀၀)ခု ၊ Hand Gel(၁၀၀)ဗူး၊ မျက်နှာကာ (၅)ခုနှင့် ဌာနဆိုင်ရာ(၂၁)ဌာနအတွက် ဌာနတစ်ခုလျှင် နှာခေါင်းစည်း Mask (၅၀)ခု၊ Hand Gel(၁၀)ဗူးကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦကျော်မိုးသူက ပေးအပ်ရာ ရပ်ကွက်(၁၉)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်သည် Stay at Homeတွင် ပါဝင်သည့် မြိုနယ်ဖြစ်သဖြင့် အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရပ်ကွက်များ၊ ဌာနဆိုင်ရာများသို့ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
မြမြဝင်း (ပြန်/ဆက်)