ပင်လုံ စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စားနပ်ရိက္ခာများလိုအပ်လျှက်ရှိသည့် ပင်လုံအရှေ့ ကျေးရွာ အုပ်စု၊ နောင်ကားကျေးရွာရှိ ဆင်းရဲနွမ်းပါးသည့် အိမ်ထောင်စု(၆)စုအား ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ၊ ကြက်ဉနှင့် နှာခေါင်းစည်း (Mask) များ သွားရောက် ထောက်ပံ့ လှူဒါန်း ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့လှူဒါန်းမှုအား ပင်လုံစေတနာ့ ဝန်များအဖွဲ့က ဦးဆောင်၍ ပင်လုံမြို့အလှူရှင်များ စုပေါင်း ပြီး လှူဒါန်းပေးခဲ့ကြကြောင်းသိရှိရသည်။ နောင်ကားကျေးရွာသည်ပင်လုံမြို့နှင့် ၄ မိုင်ခန့်သာဝေး သော်လည်း တောင် တက် တောင်ဆင်းလမ်းဖြစ်ပြီးသွားလာရန် ခက်ခဲသည့်ဒေသဖြစ်ကြောင်းသိရသည်။
နန်းမြင့်မြင့်ဆွေ