စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ စည်ပင်သာယာရေးကော်မတီအဖွဲ့က မြို့မဈေးအတွင်းရှိ အလှကုန် ပစ္စည်းဆိုင်နှင့် ဟင်းချိုမှုန့်ဆိုင်တို့အား မြန်မာစာကုန်အညွှန်းများ ကပ်ထားခြင်း ရှိ/ မရှိ စစ်ဆေး

ဟုမ္မလင်း  စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ စည်ပင်သာ ယာရေးကော်မတီအဖွဲ့က  မြို့ မဈေးဆိုင်တွင် ယမန်နေ့၊ နံနက် (၁၀)နာရီအချိန်က mistine အလှကုန်ရောင်းချသည့်ဆိုင်နှင့် အာဂျီနိုမို ဟင်းချိုမှုန့် မြန်မာ စာတန်းပါ ကုန်အညွှန်းများကပ်ထား ခြင်းရှိ/မရှိ ကို ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဟုမ္မလင်းမြို့နယ်စည်ပင်သာ ယာရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်၊ မြို့နယ်စည်ပင်အမှုဆောင် အရာရှိ ဒေါ်ဆန်းယဉ်နှင့် ဝန်ထမ်းများ၊ မြို့နယ် စားသုံးသူရေးရာ တာဝန်ခံ ဒေါ်ခင်စန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် စခန်းမှူးသီဟစိုး၊ ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများကပူးပေါင်း၍ ဈေးရောင်း/ဈေးဝယ် သူများအား နှားခေါင်းစည်း (mask) များ အခမဲ့ ဖြန့်ဝေဆောင်ရွက်ပေးခြင်းနှင့် mistine အလှကုန်ပစ္စည်းနှင့် အာဂျီနိုမို ဟင်းချိုမှုန့်  ဆိုင်ခန်းပေါင်း(၂၀)ကွင်းဆင်းစစ်ခဲ့သည်။

အလှကုန်ပစ္စည်းများသည် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အာမိုဂျီနို ဟင်းချိုမှုန့်မှာ လက်ဟောင်းများ အနည်းငယ်တွေ့ ရပြီး လက်သစ် မှာ မြန်မာလိုရေးထားခြင်း ပါဝင်ပစ္စည်းပါရှိခြင်း၊ အလေချိန်ဂရမ်းပါရှိခြင်း၊ ထောက်ခံချက် ပါရှိ ခြင်း၊ စသည့်အချက်များနှင့် ကိုက်ညီသည့် ပစ္စည်းများကို စစ်ဆေးတွေ့ရှိခဲ့ကြပြီး၊ ဈေးရောင်း ချသူများ အနေဖြင့်မြန်မာစာတန်းပါ ကုန်ညွှန်အမှတ် တံဆိပ်ပါခြင်းကိုသာ ရောင်းချရန် အသိ ပညာ ပေးခြင်းများကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

လင်းလင်း(ပြန်/ဆက်)