ရေဦး စက်တင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ကိုဗစ်−၁၉ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေး ပြည်သူ များ နှာခေါင်းစည်းတပ်သွားလာသည့်အလေ့ အကျင့်ဖြစ်စေရေး ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက တတိယအကြိမ် Mask Campaign ပြုလုပ်ကာ ကျန်းမာရေးစစ်ဆေးခြင်း အသိပညာ ပေး ခြင်း များဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ် ရဲတပ် ဖွဲ့မှုးရဲမှုးညွန့်၀င်း၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ညွန့်ဆွေ တို့ဦးဆောင်မှုနှင့်အတူ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးဌာန၊ ရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန ၀န်ထမ်း များ၊ မြို့နယ် ကြက်ခြေနီအသင်းအဖွဲ့၀င်များက အဖွဲ့လေးဖွဲ့ခွဲကာ Mask မပါသူ Mask မတပ် သူ လမ်းသွား လမ်းလာ ပြည်သူ ၃၀၀ ဦးအား mask များအသီးသီးပေးဝေခဲ့ကြပြီးကိုဗစ် - ၁၉ ကာလ နေအိမ် ပြင်ပ ထွက်လျှင် Mask တပ်ဆင်ခြင်းဖြင့်ပြည်သူများမှ ပူးပေါင်းပါဝင် လုပ်ဆောင်ပေးကြရန် လိုအပ်ကြောင်း၊ ကူးစက်ရောဂါ ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး ထုတ်ပြန်ကြေညာချက် များကို လိုက်နာခြင်းဖြင့် အတူပူးပေါင်းပါ၀င် ဆောင်ရွက်မှသာ ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း ကို သိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သန်းထိုက် (ရေဦး )