တွန်းဇံ စက်တင်ဘာ ၉
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ နေအိမ်ပြင်ပထွက်ခွာသူများအား Mask များတပ်ဆင်ရန် အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၉)နာရီက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
တွန်းဇံမြို့နယ် ကိုဗစ်-၁၉ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီဝင်များ၊ တွန်းဇံမြို့စေတနာ့ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး တွန်းဇံမြို့ ချင်းရွှေပြည်ခန်းမနှင့် ရိုမန်ကက်သိုလစ် ဘုရားရှိခိုးကျောင်းရှေ့တို့တွင် နေအိမ်ပြင်ပထွက်ခွာသူများအား Mask တပ်ဆင်ကြရန် အသိပညာ ပေးခြင်းနှင့် Mask (၁၅၀၀)ခုအား အခမဲ့ဖြန်ဝေပေးခဲ့ကြသည်။ မြို့နယ်အဆင့် ကိုဗစ်-၁၉ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီအနေဖြင့် အစည်းအဝေးဆုံးဖြတ်ချက်(၈/၂၀၂၀)၊ အပိုဒ်(၄)(က) ဆုံးဖြတ်ချက်အရ နေအိမ်ပြင်ပထွက်ခွာသူများအား (၈-၉-၂၀၂၀)ရက်နေ့မှ(၁၃-၉-၂၀၂၀)ရက်နေ့ အထိ (၆)ရက်အတွင်း အသိပညာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး (၁၄-၉-၂၀၂၀) ရက်နေ့မှ စတင်ပြီး နေအိမ်ပြင်ပထွက်ခွာသူများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ အရေးယူမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)