နမ္မတူ စက်တင်ဘာ ၁၀
နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှိုးဆော်ခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းနှင့် ဝန်ထမ်းများ၊ နမ္မတူမြို့နယ် မြို့မဈေးနှင့် ယာယီပျံကျဈေး တို့၌ ဈေးရောင်း/ဈေးဝယ် လာရောက်ကြသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နေအိမ်ပြင်ပသို့ ထွက်ရာတွင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)များကို စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကိုမကြာခဏ စနစ်တကျ ဆေးကြောရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ထုတ်ပြန်ထားသော လမ်းညွှန်ချက်များကို တိတိကျကျလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်ခြင်းလုပ်ငန်းမျာအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း နမ္မတူမြို့နယ် စည်ပင်သာယာရေးဦးစီးဌာနမှ အမှုဆောင်အရာရှိ ဦးသက်နိုင်ထွန်းထံမှ သိရှိရသည်။
လူမော် (ပြန်/ဆက်)