ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်များ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဒေးဒရဲ  စက်တင်ဘာ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ ဒေးဒရဲတံတားရှိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ စစ်ဆေးရေးဂိတ်အား သြဂုတ် ၂၅ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး စစ်ဆေးရေးဂိတ်မှ ဖြတ်သန်း သွားလာကြသည့် ယာဉ်များအား ဆပ်ပြာရေများဖျန်းခြင်း၊ ပြည်သူများအား (Auto Infared Themometer (Auto Scan)ဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွား ထောက်ခံစာများ ပါ/မပါ စစ်ဆေးခြင်း၊ ခရီးသွားမှတ်တမ်းများ ရေးသွင်းခြင်း၊ ယာဉ်မောင်းနှင့် ခရီးသွားပြည်သူများ Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းစသည့် ကျန်းမားရေး စစ်ဆေးခြင်း လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းတို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြိုနယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက အလှည့်ကျပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)