ခေါဇာ စက်တင်ဘာ ၁၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ်ကွက်(၁)အတွင်းရှိ အသက်(၈၅)နှစ် နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ပိုင်းက အိမ်တိုင်ရာ ရောက်လိုက်လံထောက်ပံ့ပေးခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေး ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊စတုတ္ထ သုံးလပတ်ဖြစ်သည့် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလ အတွက် ဘိုးဘွားတစ်ဦးကိုတစ်လလျှင် ငွေကျပ်(၁၀၀၀၀/-) နှုန်းဖြင့် သုံးလစာ ငွေကျပ်(၃၀၀၀၀/-) တိတိကို ခေါဇာမြို့ ရပ်ကွက်(၁) အတွင်းရှိ သက်ကြီး ဘိုးဘွား (၁၆)ဦးအား ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး ဦးနိုင်စိုး နှင့်တာဝန်ရှိသူ များက ထောက်ပံ့ငွေများကို ဘိုးဘွားများသို့ လက်ဝယ်အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ညီညီချမ်း( ပြန်/ဆက်)