သတင်းများ

ကလောမြို့နယ်၌ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Aug 31,2025
သစ်တောဂေဟစနစ်များ တိုးတက်လာနိုင်ဖို့နဲ့ ထိန်းသိမ်းနိုင်ဖို့၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ဖို့နဲ့ ရာသီဥတုပြောင်းလဲလာမှုကို ရင်ဆိုင်တုံ့ပြန်နိုင်ရေး အခန်းကဏ္ဍတွေမှာ သစ်တောများ စိုက်ပျိုးပြုစုထိန်းသိမ်းလာစေဖို့အတွက် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေဖို့ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာအနီး၊ ကလော-ပင်လောင်းသွားကားလမ်း၊ လမ်းမကြီးဘေး (၀.၅)ကီလိုမီတာအနီးတွင် ကလောခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ မိုးရာသီ လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးခရိုင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၆ ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၆ ကြိမ်မြောက် ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။
ချောင်းဆုံမြို့နယ်၌ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော် ကျင်းပ
Aug 31,2025
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် မြို့နယ်အဆင့် ကရင်ရိုးရာတော်သလင်းလ စုပေါင်းချည်ဖြူဖွဲ့မင်္ဂလာပွဲတော် အခမ်းအနားကို ဩဂုတ်လ (၃၁) ရက်နေ့က ကော့ကဒဲ့ကျေးရွာ (အမက) ကျောင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
နိုင်ငံ့စီးပွားမြှင့်တင်​ရေးအစီအစဥ်ဖြင့် ဆောင်ရွက်ခြင်းမရှိသော တောင်သူများအား ဓာတ်မြေသြဇာများ ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Aug 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ခုနှစ် မိုးစပါးနိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဥ်ဖြင့် ဆောင်ရွက်ခြင်းမရှိသော တောင်သူများအား စျေးနှုန်းသက်သာသော သွင်းအားစု ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ၁၂ နာရီတွင် ကော့ကပ်ကျေးရွာအုပ်စု တောင်သူနည်းပညာပြန့်ပွားရေးစင်တာတွင် ပြုလုပ်ခဲ့သည်။
ပုသိမ်မြို့၌ ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဖွင့်ပွဲအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။
လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ရှေးဦးပြုစုခြင်း သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Aug 31,2025
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးကြပ်၍ ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း (သာမန်)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို သြဂုတ်လ ၂၉ ရက် မွန်းလွဲ ၃ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၅၂၀၅၁ ဧက စိုက်ပျိုးမည်
Aug 31,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲ ၅၂၀၅၁ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တွံတေးမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေး
Aug 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အခွန်ဦးစီးမှူးရုံးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဥ်း၍ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက တွံတေးမြို့နယ် အခွန်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။