သတင်းများ

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ မြောက်ရွှေပုထိုးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာအသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်းနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်
Aug 31,2025
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ အင်းငယ်ကျေးရွာအုပ်စု၊ မြောက်ရွှေပုထိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲက MEVM (မြန်မာအီလက်ထရောနစ်မဲပေးစက်) ဆိုင်ရာ အသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးစေခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညှင်းတက္ကသိုလ်၌ နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ
Aug 31,2025
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၈) နာရီမှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။
ပခုက္ကူမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အထည်ဆေးရေးနည်းနှင့် ပန်းချီပုံရိုက်အခြေခံသင်တန်းဆင်းပွဲပြုလုပ်
Aug 31,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအထည်ဆေးရေးနည်းနှင့် ပန်းချီပုံရိုက်အခြေခံသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။
ငပုတောမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးအပ်
Aug 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော မိုးစပါးစိုက်ပျိုးတောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာနှင့် အုန်းပင်စုကျေးရွာတို့တွင် ကျင်းပပြုလုပ်သည်။
မြစ်သားမြို့နယ် ကူမဲမြို့ရှိ လမ်းဘေးစျေးဆိုင်များအား လမ်းဧရိယာအတွင်း ကျူးကျော်ရောင်းချမှုမရှိစေရေးကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 31,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကူမဲမြို့ရှိ လမ်းဘေးစျေးဆိုင်များအား လမ်းဧရိယာအတွင်း up now ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယနေ့မွန်းလွဲပိုင်းအချိန်က စစ်ဆေးဆောင်ရွက်ခဲ့သည်။
မိုးနဲမြို့နယ်၌ နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စာအောင်ဆု ချီးမြှင့်ပေးအပ်
Aug 31,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ နွေရာသီအခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း စာအောင်ဆုများ ချီးမြှင့်ပေးအပ်ခြင်းကို လွိုင်ပြေရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်ဩဝါဒါစရိယဆရာတော်၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်နှင့် ပင့်သံဃာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းဆရာ/ ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Aug 31,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အ.ထ.က(ကဝ) ဆရာကျော့ခန်းမ၌ ကျင်းပခဲ့သည်။
မင်းဘူး(စကု)မြို့နယ်၌ မိုးမြေပဲ (၉၁၁၆) ဧက စိုက်ပျိုးပြီးစီး
Aug 31,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ ပြည်တွင်း စားသုံးဆီဖူလုံပိုလျှံ စေရေးအတွက် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း တောင်သူများ၏ လယ်ယာမြေများတွင် မြေပဲ ၉၁၁၆ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။