ကလော ဩဂုတ် ၃၁
သစ်တောဂေဟစနစ်များ တိုးတက်လာနိုင်ဖို့နဲ့ ထိန်းသိမ်းနိုင်ဖို့၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ဖို့နဲ့ ရာသီဥတုပြောင်းလဲလာမှုကို ရင်ဆိုင်တုံ့ပြန်နိုင်ရေး အခန်းကဏ္ဍတွေမှာ သစ်တောများ စိုက်ပျိုးပြုစုထိန်းသိမ်းလာစေဖို့အတွက် ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေဖို့ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ လွယ်အံကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာအနီး၊ ကလော-ပင်လောင်းသွားကားလမ်း၊ လမ်းမကြီးဘေး (၀.၅)ကီလိုမီတာအနီးတွင် ကလောခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ မိုးရာသီ လမ်းဘေး ဝဲ/ယာ စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလောခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမြင့်က သစ်ပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စိုက်ပျိုးမည့် ပျိုးပင်များအား ဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် ခရိုင်၊ မြို့နယ်ဆင့်ဌာနဆိုင်ရာများအား ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများက လမ်းဘေး ဝဲ၊ ယာ စိမ်းလန်းစိုပြည်စေရေးအတွက် ထင်းရှူးပင် ၂၆၈ ပင်၊ စိန်ပန်းပြာ ၃၁ နှင့် စိန်ပန်းနီ ၃၁ ပင်၊ စုစုပေါင်း ၃၃၀ ပင်တို့ကို ပျော်ရွှင်စွာတက်ညီလက်ညီစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
ကျော်ဝင်း (ကလော)