သတင်းများ

လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ကျောင်းကောင်စီအသင်းလိုက် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ (ဗိုလ်လုပွဲ)နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Aug 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ ဆရာအတတ်ပညာဦးစီးဌာန၊ လှည်းကူးပညာရေးဒီဂရီကောလိပ်ကျောင်းတွင် ကျောင်းကောင်စီအသင်းလိုက် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ(ဗိုလ်လုပွဲ)နှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ(၃:၀၀)နာရီက လှည်းကူးမြို့နယ် အားကစားကွင်း၌ကျင်းပခဲ့ရာ ပြိုင်ပွဲသို့ လှည်းကူးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ မြို့နယ်စီမံခန်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးခင်ဇော်၊ ဘောလုံးနည်းပြ ဦးသိန်းလင်းအောင်နှင့် ဧည့်သည်တော်များ၊ လှည်းကူးပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီး၊ ကျောင်းကောင်စီအသင်းဝင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။
ငဖဲမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်
Aug 31,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေထိုင်သည့် ပြည်သူများအား ၂၀၂၅ ခုနှစ် ဧပြီလ၊ မေလနှင့်ဇွန်လအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပဒါန်းကျေးရွာ အမှတ် (၂) အောင်ဓမ္မာရုံ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
တပ်ကုန်းမြို့နယ်၌ ကျေးရွာအုပ်စုငါးအုပ်စုမှ ဒေသခံပြည်သူများအတွက် မြန်မာ့အီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ လက်တွေ့ကွင်းဆင်းဆောင်ရွက်
Aug 31,2025
ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လမ်းညွှန်မှုဖြင့် တပ်ကုန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်လွန့်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ (ခန်းမ)တွင် လက်တွေ့ဆောင်ရွက်ခဲ့သည်။
ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲကျင်းပ
Aug 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မိတ်ဆက်တွေ့ဆုံပွဲကို ယနေ့နံနံက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
​​​​​​​ကြံခင်းမြို့၌ မိုးစပါးပန်းတိုင်အထွက်တိုးစေရေးအတွက် တောင်သူများအား အသိပညာပေး ဟောပြောခြင်းနှင့် ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်အရောက် ဖြန့်ဖြူးရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှု
Aug 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း ဒေသခံတောင်သူများ မိုးစပါးပန်တိုင်အထွက်စေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းက အသိပညာပေးဟောပြောခြင်းနှင့် တောင်သူများထံသို့ ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်၊ ကျေးရွာများရှိ နေအိမ်အရောက် ဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ဇေယျာသီရိမြို့နယ် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Aug 31,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
မောက်မယ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေးခြင်း ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်
Aug 31,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ မောက်မယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့မှ စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေး ဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ အရှေ့ပူယာစန်းဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေး ဟောပြောသရုပ်ပြခြင်း ဆောင်ရွက်
Aug 31,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအား၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း၊ အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ပတ္တမြားအစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။