သတင်းများ

လဟယ်မြို့တွင်အသက်‌မွေးဝမ်း‌ကျောင်း အထောက်အကူပြုအခြေခံ (ဆိုင်ကယ်ပြင်) သင်တန်းဖွင့်ပွဲကျင်းပ
Sep 01,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် သမဝါယမနှင့်ကျေးလက်လက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လဟယ်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ဖွင့်လှစ်သည့် အသက်မွေးဝမ်း‌ကျောင်းအထောက်အကူပြုအခြေခံ (ဆိုင်ကယ်ပြင်) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန် လဟယ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပပါသည်။
တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲနှင့် အေးရိုးဗစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 31,2025
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကို သြဂုတ်လ (၃၁) ရက်နေ့ နံနက် (၈) နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
မှော်ဘီခရိုင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းများနှင့် လူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ
Aug 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းများနှင့် လူရည်ချွန်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ-ထ-က(၁)ရှိ ပညာရတနာခန်းမတွင် ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတဂူစက္ခုဒါနဆေးရုံ၌ ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ယာယီနေရပ်စွန့်ခွာမိသားစုများအား အခမဲ့ဆေးဝါးကုသပေးနေမှု ကြည့်ရှုအားပေး
Aug 31,2025
ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းက နယ်မြေလုံခြုံ‌ရေးအခြေအနေအရ နေရပ် မြို့/ကျေးရွာများကိုစွန့်ခွာ၍ ယာယီနေရပ်စွန့်ခွာလာသူ ပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို အံတော်ရှင် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက် သီတဂူစက္ခုဒါနဆေးရုံ၌ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ သွာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ပေါင်းတည်မြို့နယ် မြတ်စွယ်တော် ဗုဒ္ဓပူဇနိယ အပူဇော်ခံပွဲ၌ MSMEs ဒေသထွက်ကုန် ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲကျင်းပ
Aug 31,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် မြတ်စွယ်တော် ဗုဒ္ဓပူဇနိယ အပူဇော်ခံပွဲ၌ MSMEs ဒေသထွက်ကုန် ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပေါင်းတည်မြို့ ဘုရားကြီးလမ်းထိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Aug 31,2025
ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးအထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ် (၂၃) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်
Aug 31,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရတနာကျွန်းတွင် ပြုလုပ်ခဲ့သည်။
ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးသားပေါက်ကောင်ရေ တစ်သိန်းတစ်သောင်း ငါးမျိုးစိုက်ထည့်
Aug 31,2025
ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဒေသတွင်းငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည် တည်တံ့ရေး၊ ဒေသခံပြည်သူများ ငါးရိက္ခာကိုပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရေးအတွက် သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း နှစ်စဉ်ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ခလောက်ထောင်ကျေးရွာ၊ ခလောက်ထောင်ရေလျှံကွင်းအတွင်း ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။