သတင်းများ

ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း တောင်ကြီးမြို့နယ်၊ ရှမ်းရိုးမ မွေးမြူရေးဇုန် (၂) တွင် မွေးမြူရေးဆောင်ရွက်ထားရှိမှုများနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 31,2025
ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း တောင်ကြီးမြို့နယ်၊ ရှမ်းရိုးမ မွေးမြူရေးဇုန် (၂) တွင် မွေးမြူရေးဆောင်ရွက်ထားရှိမှုများနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး
အောင်လံမြို့၌ မိုးနှောင်းဝါစိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 31,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် မိုးနှောင်းဝါအထွက်တိုးမျိုးဖြစ်သည့် B31 နှင့် TBL195 မျိုးများ စိုက်ပျိုးထားသည့် ရေပေါ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးအောင်ခင်၏ ဝါစိုက်ခင်းများအား မကွေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်း၊ မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဒေါ်မြမြလွင်နှင့် မြို့နယ်သမဝါယမအသင်းတို့မှ ယမန်နေ့က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အောင်လံမြို့နယ်တွင် ကော်မရှင်အဖွဲ့ခွဲမှ မြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်
Aug 31,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တွင် ကော်မရှင်အဖွဲ့ခွဲမှ တရော်ကုန်းရပ်ကွက်နှင့် ဈေးကုန်းရပ်ကွက်များရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့ မှော်ပီဆရာသိန်းစာကြည့်တိုက်၌ ဓညဝတီဌာနေ ကနဦးမြိုတိုင်းရင်းသားများ သမိုင်းစာအုပ် မိတ်ဆက်ပွဲအခမ်း အနားကျင်းပ
Aug 31,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့ အမှတ် (၄) ရပ်ကွက် မှော်ပီဆရာသိန်းစာကြည့်တိုက်၌ ဓညဝတီဌာနေ ကနဦးမြိုတိုင်းရင်းသားများ သမိုင်းစာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယမန်နေ့နေလယ်က မော်ပီဆရာသိန်းစာကြည့်တိုက်ခန်းမ၌  ကျင်းပခဲ့ပါသည်။
ပွင့်ဖြူမြို့၌ ဈေးဆိုင်လုပ်ငန်းရှင်များ နေရာကျူးကျော်၍ ဈေးရောင်းချခြင်း မရှိစေရေး စစ်ဆေးအသိပညာပေး
Aug 31,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရှိ လမ်းဘေးဈေးဆိုင်များ၊ အိမ်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ဈေးဆိုင်လုပ်ငန်းရှင်များအနေဖြင့် နေအိမ်များမှ ကျူးကျော်၍ ဈေးရောင်းချခြင်း မရှိစေရေးနှင့် မိမိတို့ဈေးဆိုင်အတွင်း၌သာ  စနစ်တကျ ခင်းကျင်းရောင်းချစေရေး ယမန်နေ့က စစ်ဆေးအသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသည့် တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးအပ်
Aug 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော မိုးစပါးစိုက်ပျိုးတောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျိုက်လတ်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများ ငွေကြေးထောက်ပံ့သည့် အစီအစဉ်(MCCT) သင်တန်းပို့ချ
Aug 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းကာ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့သည့် အစီအစဉ် (MCCT)သင်တန်း ပို့ချခြင်းကို ဩဂုတ်လ(၂၉)ရက်၊ မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုးတက်ခိုင်မာအားကောင်းသော လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ပြည်နယ်အဆင့်ကော်မတီဝင်များ အင်းလေးဒေသ ကေလာကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်
Aug 31,2025
တိုးတက်ခိုင်မာအားကောင်းသော လူမှုအသိုက်အဝန်းဖော်ဆောင်ရေး ပြည်နယ်အဆင့်ကော်မတီဝင်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဩဂုတ်လ (၃၀) ရက် နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ ကေလာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။