သတင်းများ

ဇလွန်မြို့နယ် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်း၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ
Aug 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဂျီအီးစီ (ပညာရေး)သမဝါယမအသင်း၏ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် အ.ထ.က (၁) ဇလွန်အမျိုးသားဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဂန့်ဂေါမြို့၌ မြို့မရဲစခန်းရှိ အချုပ်သားများအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး
Aug 31,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီအချိန်က ဂန့်ဂေါမြို့ မြို့မရဲစခန်းရှိ အချုပ်သား (ကျား/မ) များအား ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခေတ္တဆေးရုံအုပ် ဒေါက်တာကျော်ကျော်လွင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
Aug 31,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိ ဦးစိုးကိုကိုလွင်ဦးဆောင်၍ ဝန်ထမ်းများက မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ သရက်ချောင်းမြို့၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှုကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။
မြောင်းမြမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ကျေးရွာအရောက် တစ်ဦးချင်း လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Aug 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးဆွေးနွေးပွဲနှင့် ကျေးရွာအရောက် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယမန်နေ့က မြောင်းမြမြို့နယ်၊ ဘုရားငုတ္တိုကျေးရွာ၌ ကျင်းပခဲ့သည်။
ပေါင်မြို့နယ် ဒေသထွက် နာနတ်သီးများ ဈေးကောင်းရရှိ၍ ခြံပိုင်ရှင်များ အဆင်ပြေ
Aug 31,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဒေသထွက် နာနတ်သီးများ ဈေးကောင်းရရှိ၍ ခြံပိုင်ရှင်များ အဆင်ပြေလျက်ရှိသည်။ နာနတ်သီးများကို အလုံးအကြီး၊ အ‌သေး အပေါ်မူတည်၍ တစ်လုံးလျှင် (၂၅၀၀) ကျပ်၊ အလုံးငယ်တစ်လုံးလျှင် (၁၅၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိသည်။
မြဝတီမြို့တွင် မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ပေး
Aug 31,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော အချက်အလက်များနှင့် ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ကို လက်တွေ့အသုံးပြုနိုင်ရန်အတွက် မဲပေးစက်ဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ လက်တွေ့စမ်းသပ်ခြင်း အသိပညာပေးလုပ်ငန်းကို ရပ်ကွက်အလိုက်အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က အမှတ် (၁) ရပ်ကွက် ဓမ္မာရုံနှင့်အမှတ် (၂) ရပ်ကွက် အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းတွင် လည်းကောင်း၊ ယနေ့နံနက် ၁၀နာရီမှ ညနေ ၃နာရီခွဲအထိ အမှတ် (၅) ရပ်ကွက်၊ ဖားခြောက်ကောင်ဘုန်းကြီးကျောင်းနှင့် ကိုးနဝင်းဘုန်းကြီးကျောင်းများတွင်လည်းကောင်း  ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ပခုက္ကူမြို့နယ်အဆင့် ကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Aug 31,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အဆင့် ကျောင်းပေါင်းစုံ ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
မြောင်းမြမြို့တွင် စားအုန်းဆီ လက်လီ၊ လက္ကားလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပ
Aug 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် စားအုန်းဆီ လက်လီ၊ လက္ကားလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။