သတင်းများ

သန်လျင်မြို့နယ်၌ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေး
Aug 31,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချိုရောဂါဝေဒနာရှင်များအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက သန်လျင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးခဲ့သည်။
မိုးညိုမြို့နယ်၌ ရေဘေးနှင့်လေပြင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာ စိုက်ထူ
Aug 31,2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေ‌ဘေးအန္တရာယ်နှင့် လေပြင်းဘေးအန္တရာယ် အသိပညာပေးပိုစတာစိုက်ထူခြင်းကို ဩဂုတ် ၃၀ ရက်၊ နံနက် ၁၁ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး လမ်းဆုံအနီးနှင့် ဆရာစံလမ်း၊ မြို့မဈေးအနီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos Esports အားကစားအသင်းကို ရှမ်းပြည်နယ် ပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆို
Aug 31,2025
ဆော်ဒီအာရေဗျနိုင်ငံ၊ Riyadh မြို့၌ ကျင်းပခဲ့သည့် Esports အားကစားကမ္ဘာ့ဖလားပြိုင်ပွဲ ၂၀၂၅ တွင် ကမ္ဘာ့ချန်ပီယံဆု ရရှိခဲ့သော မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ Yangon Galacticos အားကစားအသင်းသည် သြဂုတ် ၃၀ ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့သို့ ရောက်ရှိလာခဲ့ရာ ရှမ်းပြည်နယ်မှ ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသည်။
မင်းလှ၌ လူကုန်ကူးမူတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အ‌ကြောင်း အသိပညာပေး ဟောပြော
Aug 31,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို ဩဂုတ် ၂၉ ရက် နံနက်ပိုင်းက အ.ထ.က  မင်းလှ (မြို့ပြင်) ကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အေရိုးဗစ်ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Aug 31,2025
၂၀၂၅ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အေးရိုးဗစ်ပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက်(၈)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အကစားကွင်း၌ ကျင်းပသည်။
မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဒုတိယနေ့ မျက်စိဝေဒနာရှင် (၇၂၃)ဦးအား အခမဲ့ စစ်ဆေးကုသပေး
Aug 30,2025
သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် မုံရွာမြို့ ခုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးတွင် (၂၉.၈.၂၀၂၅) ရက်နေ့မှ စတင်၍ (၂.၉.၂၀၂၅) ရက်နေ့အထိ မျက်စိအထူးကုဆရာဝန်ကြီးများမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်း ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပင်စင်စားဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများမှ သတ်မှတ်သည့်ရက်အလိုက် လာရောက်ပြသ ဆောင်ရွက်လျက်ရှိသည်။
ပွင့်ဖြူမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Aug 30,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်း (လီမိတက်)၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး‌ကျင်းပ
Aug 30,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဂျီအီးစီ(ပညာရေး)နှင့် မြတ်ပညာငွေစုငွေ ချေးသမဝါယမအသင်း(လီမိတက်) ၂၀၂၄-၂၀၂၅ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး‌ကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တေဇခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။