သတင်းများ

ကျောက်ဆည်မြို့၌ ဌာနဆိုင်ရာဝန်ထမ်း ၇၁၂၅ ဦးအား စားအုန်းဆီ ပိဿာ ၁၄၂၅၀ ရောင်းချ
Sep 03,2025
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ဌာနဆိုင်ရာဝန်ထမ်း(၇၁၂၅)ဦးအား စားအုန်းဆီ ပိဿာ ၁၄၂၅၀ ရောင်းချခြင်းကို ယနေ့နံနက်၉နာရီက ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဝင်းတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မုံရွာမြို့၊ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား ပဉ္မမနေ့အဖြစ် အခမဲ့မျက် စိစမ်းသပ်ခွဲစိတ်မှု ဆက်လက်ဆောင်ရွက်
Sep 03,2025
မုံရွာမြို့၊ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပသည့် သဲဖြူဆရာတော်ကြီးအားအမှူးထား၍ အလှူရှင်များ၏လှူဒါန်းမှု၊ ကျန်းမာရေးဝန်ကြီးဌာနနင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဦးဆောင်ပါဝင်ပံ့ပိုးမှုတို့ဖြင့် မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ စက်တင်ဘာ ၂ ရက်တွင် ပဉ္စမနေ့အဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Sep 03,2025
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် (၁၃) ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအဖြစ် လူကုန်ကူးခံရသူများအား အကာအကွယ်ပေးရန်နှင့် ၎င်းတို့၏ ဘဝပြန်လည်ထူထောင်နိုင်အောင် ဆောင်ရွက်ရာတွင် အလွန်အရေးကြီးသည့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၃ ရက်နေ့နံနက် ၉ နာရီက အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ် အားကစားခန်းမ-၂ ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မူဆယ်မြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 03,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျာထား (၄၇၇၁၅)ဧကထက် ကွင်းပိတ် (၄၇၈၄၃)ဧက ပိုမိုကျော်လွန်စိုက်ပျိုးပြီးစီး
Sep 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ ဒေသအတွင်း  စပါးမျိုးကောင်းမျိုးသန့်တိုးပွားစေရန်နှင့် ဆန်၊ စပါး ဖူလုံစေရန်ရည်ရွယ်၍ မိုးစပါးစိုက်ပျိုးရန်လျာထား (၄၇၇၁၅)ဧကထက် ပိုမိုကျော်လွန်၍ ကွင်းပိတ် မိုးစပါး (၄၇၈၄၃)ဧကအား စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 03,2025
၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။  
‎​ကျောက်တန်းမြို့နယ်၌ သဘာ၀ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ အ.မ.က အရှေ့ပိုင်းကျောင်းတွင် ကျင်းပ
Sep 03,2025
‎ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အ.မ.က အရှေ့ပိုင်းကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ (၁၀)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။  
သံဖြူဇရပ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲ‌ပေးသရုပ်ပြခြင်းပြုလုပ်
Sep 03,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးသရုပ်ပြသခြင်းကို စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနအစည်းအ​​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။