သတင်းများ

မိတ္ထီလာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းနှင့်စကားရည်လုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 03,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းနှင့် စကားရည်လုပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲကျင်းပ
Sep 03,2025
နိုင်ငံတော်အတွက် အားထားရမည့် မျိုးဆက်သစ် အားကစားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ လူရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
အင်းစိန်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်
Sep 03,2025
မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို သန္ဓေတပ်ဖွဲ့ဝင်များနှင့် လက်တွဲကာပူးပေါင်း၍ ဆောင်ရွက်သွားနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မီးသတ်ဦးစီးဌာနတွင် စက်တင်ဘာ ၁ ရက်နေ့ စက်တင်ဘာလ(၁)ရက်နေ့က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ချမ်းမြသာစည်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေး၊ လက်တွေ့စမ်းသပ်မဲပေး 
Sep 03,2025
လွတ်လပ်ပြီးတရားမျှတ‌သော ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက်ဖွဲ့စည်း တည်ဆောက်ပုံ၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်အား ပြည်သူများသိရှိနားလည်စေရန် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥ‌သျှောင်ရပ်ကွက်တွင် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့ နံနက်၉ နာရီခွဲက သာသနာ့ဝိပုလ္လဓမ္မာရုံ၌ ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 03,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၅)ကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြင်ဦးလွင်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Sep 03,2025
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာရေးဆရာမ မစန္ဒာရေးသားသော “အရိပ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂ ရက်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်
Sep 03,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၅)နှစ်နှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး၊ ထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးလျက်ရှိသည်။