သတင်းများ

ပန်းတောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Sep 03,2025
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားခွဲခြားတတ်စေရန်၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန်၊ မိမိတို့သိထားသောဗဟုသုတများကို အချင်းချင်းပြန်လည်မျှဝေတတ်စေရန်ရည်ရွယ်ကာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် (၉) အချိန်က အ.မ.က (လွန်) ခတ္ထိယကျောင်းနှင့် အ.မ.က (လွန်) တမာကုန်းကျောင်းများသို့ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် activity များ လုပ်ဆောင်ခဲ့သည်။
လက်ပံတန်း၌ တီဘီရောဂါတိုက်ဖျက်ရေးအရှိန်မြှင့်ဆောင်ရွက်
Sep 03,2025
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့် ဝန်ထမ်းများက ရပ်ကွက်ကျေးရွာများသို့ ကွင်းဆင်း၍ တီဘီရောရှာဖွေကုသရေးလုပ်ငန်းများ ဆောင်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မင်းရပ်ရပ်ကွက် ဆရာစံလမ်းသွယ် (၆) သို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲကို စက်တင်ဘာလ ၁ ရက်နေ့က ဆိပ်ကြီးကျေးရွာ အ-မ-ကကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရပ်စောက်မြို့၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်
Sep 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဆေးပေးခန်းတွင် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်လျင်မြို့နယ် အ.ထ.က သပြေကုန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေး
Sep 03,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ကျောင်းသား/ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အ.ထ.က သပြေကုန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ဆက်သွယ်‌ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုက်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။
ကော့သောင်းမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်  ပြိုင်ပွဲများကျင်းပ
Sep 03,2025
၂၀၂၅ခုနှစ် စက်တင်ဘာလ ၈ ရက်တွင်ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ကျောင်းပေါင်းစုံ အလယ်တန်းနှင့်အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ကော့သောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယ‌နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။
ပန်းတောင်းမြို့နယ်၌ မင်းရပ်သိပ္ပံလမ်းအား ကွန်ကရစ်ဖြင့်လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်
Sep 03,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် မင်းရပ်သိပ္ပံလမ်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူကာ ကွန်ကရစ်ဖြင့် လမ်းချဲ့ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။