သတင်းများ

လင်းခေးမြို့နယ် ပညာရေးမှူးဖလား အခြေခံကျောင်းပေါင်းစုံ (U-13/U-15) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ
Sep 03,2025
မျိုးဆက်သစ် ထူးချွန်အားကစားသမားများ မွေးထုတ်နိုင်ရန်၊ ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်ကောင်းမွန်သည့် ကျောင်းသား/ကျောင်းသူများ ပေါ်ထွက်လာစေရန်၊ရွက်ပုန်းသီးအားကစားသမားများ ပေါ်ထွက်လာစေရန်၊ Team Work/Group Work လုပ်ငန်း များတွင်အများနှင့် ဆက်သွယ်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုအားကောင်းလာစေရန်နှင့် ကောင်းမွန်သောနိုင်ငံကြီး သားပီသမှုစိတ်ဓာတ်(Good Citizenship)ရင့်သန်လာစေရန်ရန်ဟူသည့် ရည်ရွယ်ချက်အားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့က မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်း စုံ(U-13/U-15) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်ငြိမ်းအေးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကော့မှူးတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်တိုးနှုန်းရရှိရေး တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့ နံနက်က နတ်စင်ကုန်းကျေးရွာ ကွင်းဝိုင်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဘုတ်ပြင်းမြို့၌ မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး၊ ကိုယ်ဝန်ဆောင်များအား ကာကွယ်ဆေးထိုးနှံ
Sep 03,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် မွေးကင်းစမှအသက်(၂)နှစ်အောက်  ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံ  တိုက်ကျွေးခြင်းနှင့်ကို ယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်းကို လစဉ်လဆန်းပိုင်းတွင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးသည်။
မိုင်းရှူးမြို့၌ ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပ
Sep 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ခရိုင်အဆင့် (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပခဲ့သည်။
လှိုင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို စက်တင် ဘာလ ၁ ရက်နေ့ နံနက်(၉)နာရီ အချိန်က လှိုင်မြို့နယ် မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲအေးစက် (MEVM) နှင့် မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက စျေးပိုင်းရပ်ကွက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တော်ပုလွဲရပ်ကွက်၌ ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား (MEVM) မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့မွန်းလွဲပိုင်းက မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင် Youth Club စာဖတ်ဝိုင်း ပြုလုပ်
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  ယမန်နေ့ညနေ (၄) နာရီအချိန်က Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။