သတင်းများ

ကိုကိုးကျွန်းမြို့နယ်တွင် ကလေးများအား ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ကျင်းပ
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးများအတွက် ဉာဏ်ရည်မြင့်မားစေရန် ဉာဏပြိုင်ပွဲပြုလုပ်ကျင်းပခြင်းကို ယမန်နေ့ညနေ(၄)နာရီအချိန်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့နယ် အခြေခံပညာမူလတန်းလွန်ကျောင်း(မြို့ဦး)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 03,2025
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပစာပေကောင်းများ ဖတ်ရှုလေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများ တိုးတက်ပြီး ဘဝငါးတန်ပြည့်စုံကြွယ်ဝသည့် မျိုးဆက်သစ်လူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) ခွဲအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(မြို့ဦး)၌ ကျင်းပပြုလုပ်ခဲ့သည်။
သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပ
Sep 03,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို စက် တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုံပျံဘုန်းတော်ကြီးကျောင်း၌ဆောင်ရွက်ခဲ့ကြသည်။
ဘုတ်ပြင်းမြို့နယ်၌ ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအသိပညာပေး ဟောပြော
Sep 03,2025
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦး စီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍  ကလေးအလုပ်သများလျော့နည်းပပျောက်ရေး အသိပညာပေး ဟောပြောပွဲ၊နံရံကပ်စာစောင်ပြပွဲကို  စက်တင်ဘာ ၂ ရက် နံနက်၁၀နာရီက အတွင်းဘုတ်ပြင်း ကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ မူလတန်းကျောင်း၌ ပြုလုပ်သည်။
ကိုကိုးကျွန်းမြို့နယ်တွင် သက်သာသောဈေးနှုန်းဖြင့် ကြက်ဥနှင့် အသားများ ရောင်းချပေး
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာပြည်သူများ၊ ရပ်ကွက်နေပြည်သူများကို ပြင်ပပေါက်ဈေးထက် သက်သာသောနှုန်းဖြင့် ကိုကိုးကျွန်းမြို့နယ်၊ အမှတ်(၂၈)ရေတပ်စခန်းမှ ကြက်ဥနှင့်အမဲသားများကို ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်အတွင်းလာရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နည်းပညာတက္ကသိုလ် (မော်လမြိုင်) နှင့် မော်လမြိုင်တက္ကသိုလ်တို့တွင် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချ‌ပေးနေမှုများအား ကြည်ရှုအားပေး
Sep 03,2025
မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ် (မော်လမြိုင်) တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်များဖြင့် ရောင်းချပေးနေခဲ့ကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
ကျောက်ကြီးမြို့နယ်၌ စာအုပ်/စာစောင်ပြပွဲ ပြုလုပ်
Sep 03,2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ပဲခူးရပ်ကွက်ရှိအခြေခံပညာအထက်တန်းကျောင်းခွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ နံနက်ပိုင်းတွင် သုံးဘီးမော်တော်ယာဥ်ဖြင့် စာအုပ်/စာစောင်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့၊ မူလတန်းကြိုကျောင်းခန်းမတွင် MCCT အာဟာရ အသိပညာပေး ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ
Sep 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် လွိုင်လင်မြို့ မူလတန်းကြိုကျောင်းခန်းမတွင် ယနေ့နံနက်ပိုင်းက MCCT အာဟာရ အသိပညာပေး ဆင့်ပွားသင်တန်းကျင်းပရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဦးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။