မုံရွာမြို့၊ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား ပဉ္မမနေ့အဖြစ် အခမဲ့မျက် စိစမ်းသပ်ခွဲစိတ်မှု ဆက်လက်ဆောင်ရွက်

မုံရွာ စက်တင်ဘာ ၃

မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ကျင်းပသည့် သဲဖြူဆရာတော်ကြီးအားအမှူးထား၍ အလှူရှင်များ၏လှူဒါန်းမှု၊ ကျန်းမာရေးဝန်ကြီးဌာနနင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ဦးဆောင်ပါဝင်ပံ့ပိုးမှုတို့ဖြင့် မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား ယမန်နေ့ စက်တင်ဘာ ၂ ရက်တွင် ပဉ္စမနေ့အဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ပေးခြင်းကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် လာရောက်ပြသကြသည့် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး မျက်စိအထူးကုဆရာဝန်ကြီးများမှ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး မျက်စိခွဲစိတ်ပြီးလူနာများအား နေကာမျက်မှန်များတပ်ဆင်ပေးကာ သောက်ဆေးများအား လိုက်လံပေးအပ်ခဲ့ပြီး မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအား နေ့ခင်းစာထမင်း၊ ဟင်းနှင့် သောက်ရေသန့်ဘူးများအား လိုက်လံပေးအပ်ခဲ့ကြသည်။
အဆိုပါ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့မျက်စီစမ်းသပ်ခွဲစိတ်ပေးခြင်းကို မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူဆေးရုံကြီးတွင် ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၄ ရက်နအထိဆက်လက် စမ်းသပ်ခွဲစိတ်ပေးသွားမည်ဖြစ်ပြီး မျက်စိဝေဒနာရှင် လူနာပေါင်း ၅၁၀၀ ကျော် စာရင်းပေး သွင်းခဲ့ရာ ယနေ့တွင် စမ်းသပ်ပြင်ပလူနာ (ကျား) (၁၇၈)ဦး၊ (မ) (၅၁၃)ဦး၊ စုစုပေါင်း ၆၉၁ ဦး၊ အကြီးစားခွဲစိတ်လူနာ ၄၅ ဦး၊ အသေးစားခွဲစိတ်လူနာ ၁၄ ဦးအား စမ်းသပ်ခွဲစိတ်ပေးခဲ့ပြီး ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၂ ရက်အထိ စမ်းသပ်ပြင်ပလူနာစုစုပေါင်း ၃၄၁၉ ဦး၊ အကြီးစားခွဲစိတ်လူနာ ၂၄၆ ဦး၊ အသေးစားခွဲစိတ်လူနာ ၆၀ တို့အား စမ်းသပ်ခွဲစိတ်ပေးပြီးဖြစ်ကြောင်း ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)