သတင်းများ

ပင်လုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း လူရည်ချွန်ဂုဏ်ပြုဆုနှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ
Sep 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း လူရည်ချွန်ဂုဏ်ပြုဆုနှင့် ပညာရည်ချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က(၁)ကျောင်းရှိ မိဘဆရာအဆောင်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ MCCT အာဟာရ အသိပညာပေး ဆင့်ပွားသင်တန်းပေးခြင်း အခမ်းအနားကျင်းပ
Sep 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ MCCT အာဟာရ အသိပညာပေးဆင့်ပွား သင်တန်းပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းခန်းမ၌ ဖွင့်လှစ်သည်။
ဖြူး အ.ထ.က(၁)အမျိုးသားကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြော
Sep 03,2025
အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မြို့မရဲစခန်းမှ ကျောင်းသား၊ ကျောင်းသူ လူငယ်များ ကွမ်းဆေးလိပ်မှအစ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိစေရေးအတွက် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ (၁) ရက်၊ မွန်းလွဲ(၁)နာရီအချိန်က အ.ထ.က(၁)ကျောင်း ရာပြည့်ခန်းမတွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 03,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နန့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်‌သောအဖွဲ့သည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယ‌နေ့နံနက် ၉ နာရီအချိန်က မိုင်ဟိုင်းကျေးရွာအုပ်စု၊ မယ်ဇလီမြိုင်ကျေးရွာရှိ ကက်သလစ်ဘုရားကျာင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့ လမ်းမကြီးများဝဲ/ယာ၌ ရောင်းချနေသည့် အိမ်ဆိုင်နှင့်လမ်းဘေးဈေးဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချရေး စစ်ဆေးပညာပေး
Sep 03,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်တွင် လမ်းမကြီးများ ဝဲ/ယာရှိ အိမ်ဆိုင်များနှင့် လမ်းဘေးဈေးအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးပညာပေးခြင်းကို စက်တင်ဘာ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့များက လှည့်လည်စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း စတင်ဆောင်ရွက်
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း MEVM ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းကို စက်တင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းမှစ၍ ချောင်းဝိုင်းလေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စတင်ဆောင်ရွက်ခဲ့သည်။
စမ်းချောင်းမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းက အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း တော်၀င်ခန်းမတွင် ကျင်းပခဲ့သည်။
သံတောင်ကြီးဒေသထွက် သဘာဝကော်ဖီမှုန့်များ ဝယ်လိုအားကောင်း
Sep 03,2025
သံတောင်ကြီးမြို့နယ်တွင် နည်းပညာအားနည်းခြင်းကြောင့် ကော်ဖီများအရည်အသွေးကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသော်လည်း ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနမှကော်ဖီစိုက်ပျိုးနည်းပညာ များကို လက်တွေ့ကွင်းဆင်းသရုပ်ပြပေးသည့်အတွက် ကော်ဖီစိုက်တောင်သူများအနေဖြင့် အရည်အသွေးကောင်းမွန်သော ကော်ဖီများကို စိုက်ပျိုးထုတ်လုပ်နိုင်ကြပြီး ယခင်နှစ်ကော်ဖီမှုန့် တစ်ပိဿာလျှင်ကျပ်(၆၀၀၀၀)မှကျပ်(၆၅၀၀၀) ရရှိကာ ယခုနှစ်တွင်ကော်ဖီမှုန့်တစ်ပိဿာလျှင် ကျပ်၇၀၀၀၀မှ ကျပ်၇၅၀၀၀အထိ ဈေးကောင်းရရှိလျက်ရှိကြောင်း ကော်ဖီစိုက်ပျိုးထုတ်လုပ် ရောင်းဝယ်ရေးလုပ်ကိုင်သူ  ဦးစောသာဝါးထံမှ သိရသည်။