ကျိုက်ထို ဇူလိုင် ၄
၂၀၂၁-ခုနှစ် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၈ နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ကျိုက်ထိုမြို့နယ် သစ်တောဦးစီးဌာနမှ ကျိုက်ထိုမြို့ကော့စံနိုင်ရပ်ကွက် သပြေကုန်း ကွက်သစ် ၌ကျင်းပခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းစိုး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးစိုးဝင်းနှင့် သစ်တော ဝန်ထမ်းများ ရပ်ကွက် ယာယီအုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ပြီး ရာသီဒဏ်ခံနိုင်သည့် မန်ဂျန်ရှားပျိုးပင် ၄၄၀ ပင်၊ တရုတ်၊တည်ပင် ၁၀၀ ပင် စုစုပေါင်း ၅၄၀ ပင် တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ဝင်းမောင်(ကျိုက်ထို)