ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ပြုလုပ်

မိုင်းပန်    ဇူလိုင်    ၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့ နံနက် (၆) နာရီက ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဟန်‌ေဇာ်မြင့်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာများနှင့် စေတနာ့၀န်ထမ်းများ ပူးပေါင်းအဖွဲ့က မိုင်းပန်မြို့မဈေးရှေ့၊ မိုင်းတုံလမ်းဆုံ၊ မွေတော်ဘုန်းတော်ကြီးကျောင်းရှေ့နှင့် မြို့အ၀င်ဂိတ်တို့တွင် ပြည်သူများအား နေအိမ်မှ အပြင်သို့ ထွက်ခွာသည့်အချိန်တိုင်း၊ လူစည်ကားရာ နေရာများသို့ သွားလာသည့် အချိန်တိုင်းတွင် Mask များ စနစ်တကျ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများအား အသိပညာပေးခြင်းနှင့် Mask များအား အခမဲ့ဖြန့်ဝေပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းပန်(ပြန်/ဆက်)