ငါန်းဇွန် ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)ရပ်ကွက်နေ အမျိုးသမီးတစ်ဦး အနံ့မရသဖြင့် ယနေ့ နံနက် ၉နာရီခွဲက ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသပြီး ထိတွေ့ဆက်စပ် သူတစ်ဦးကိုပါ (RDT)ဖြင့် ဆေးစစ်မှုခံယူရာ အနံ့မရသူ အမျိုးသမီးတစ်ဦးတွင်သာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာအား ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်တွင် Hospital Quarantine ထားရှိပြီး ထိတွေ့ဆက်စပ်သူ (၆)ဦးအား Strict Home Quarantine ထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။
ယနေ့အထိ ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အမျိုးသား(၃)ဦးနှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း(၅)ဦးရှိပြီဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)