တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း (၃၆)ဦး ရှိပြီးတစ်ဦးသေဆုံး

တိုက်ကြီး    ဇူလိုင်   ၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ယမန်နေ့ အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာပေါင်း(၃၆)ဦး ရှိပြီး တစ်ဦးသေဆုံးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများသည် အမျိုးသား(၁၄)ဦးနှင့် အမျိုးသမီး (၂၂)ဦး ပေါင်း (၃၆)ဦး ဖြစ်ပြီး သေဆုံးသူမှာ ဥက္ကံမြို့ ဗန္ဓုလရပ်ကွက်တွင် နေထိုင်သူတစ်ဦး ဖြစ်သည်။ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာန တိုးချဲ့လူနာဆောင်တွင် ထားရှိ၍ ကျန်းမာရေး စောင့်ရှောက်ကုသမှုများဆောင်ရွက် ပေးလျက်ရှိပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်မှုရှိသူ (၂၂)ဦးကို မြို့နယ်ကိုဗစ်-၁၉ စောင့် ကြည့်ရေးစင်တာ(ရွှေဂျိုးဖြူခန်းမ)တွင် အသွားအလာကန့်သတ်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်အတွင်းရှိ လူမှု ရေးအသင်း အဖွဲ့များ ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်နှင်းသက်(ပြန်/ဆက်)