ကျောက်ကြီးမြို့နယ်၌ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်ရောင်းချရန် လိုက်လံအသိပေး ဆောင်ရွက်

ကျောက်ကြီး ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် ပါဆယ်စနစ်ဖြင့် ရောင်းချ ရှိ/မရှိကို ကိုဗစ်−၁၉ ကာကွယ်ရေးစားသောက်ဆိုင်များ စိစစ်ကြပ်မတ်ရေး ကော်မတီမှ ယနေ့ မွန်းလွဲ ၁၂ နာရီအချိန်တွင် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို  မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စည်ပင်သာယာ အမှုဆောင်အရာရှိ၊ ကျန်းမာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်မြို့နယ် ရဲတပ်ဖွဲ့မှူးတို့မှ ကိုဗစ်−၁၉ရောဂါကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစာဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ရန်၊ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပေးမှာကြားခဲ့ပြီး ဆိုင်ထိုင်ရောင်းချမှုများ တွေ့ရှိ၊ တိုင်ကြားပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ကျောက်ကြီးမြို့နယ်တွင် လက်ရှိအချိန်ထိကိုဗစ်−၁၉ ရောဂါအတည်ပြုလူနာ(၂၃)ဦး ထိရှိပြီး ရောဂါဆက်လက် မပြန့်ပွားစေရေးအတွက် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း မြို့နယ်ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ မှ အသိပေးမှာကြားခဲ့ကြောင်း သိရသည်။

K ခိုင်ပြန်/ဆက်