ဒိုက်ဦးမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် ဈေးဆိုင်များကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိမရှိ စစ်ဆေးဆောင်ရွက်

ဒိုက်ဦး   ဇူလိုင်   ၄

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်သည့်အနေဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အသိပညာပေး ဆောင်ရွက်လျက်ရှိ သည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များဖြစ်သော ပြည်သူလူထု အနေဖြင့် COVID-19 ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း လက်ကို မကြာခဏ ဆေးကြော ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ ထိုင်ခြင်းတို့ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်​ကြရန် အသိပေးချက်များဒိုက်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ဖွင့်လှစ်ထားရှိသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား COVID-19 ညွှန်ကြားချက်နှင့်အညီ ပါဆယ် စနစ်ဖြင့်သာရောင်းချရန်နှင့် ညနေ(၆)နာရီ ဆိုင်ပိတ်စေရေး ညွှန်ကြားကြပ်မတ် ဆောင်ရွက် သွားရန် အကြောင်းကြားချက်များအား လိုက်နာမှုရှိမရှိကို ယနေ့နံနက်ပိုင်းက ဒိုက်ဦးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးသန့်စင်ဦးနှင့် ဝန်ထမ်းများက ဒိုက်ဦးမြို့ အတွင်းရောင်းချနေသော စားသောက်ဆိုင်များ၊ လက်ဘက်ရည်ဆိုင်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး သတ်မှတ်ချက် စည်းကမ်းများနှင့်အညီ ရောင်းချနိုင်ရေးအတွက် အသိပေး ဆောင်ရွက်ခြင်းကို  မြို့ပေါ် ရပ်ကွက်(၉)ရပ်ကွက်ရှိ စားသောက်ဆိုင်များအား သတ်မှတ်ချက် များနှင့်အညီ ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)